Sunday, July 15, 2012

  တတ်နိုင်သလောက်ကူညီပါရစေ၊ ဗမာ နိုင်ငံ နှင် ဗမာလူမျိုးတွေ ရဲ့ အကြောင်းကို ဂဃနဏ မသိကြတဲ့ နိုင်ငံကြားသားတွေက ဘင်္ဂလီ အရေးနှင့် ပတ်သက်ပြီး၊ ဗမာတွေနဲ ဗမာ ဘုန်းတော်ကြီးတွေဟာ ရက်စက်တယ်၊ လူမျိုးရေးခွဲခြားတယ်လို့ တဖက်သတ် မြင်နေကြပါတယ်။ သူတို့ဟာ ၆၀(သို့) ၇၀ ရာခိုင်နုံးပြည့်တောင်မရှိလှတဲ လူမူရေးရူထောင့်တခုထဲ က ပြောဆို ကဲရဲ့နေကြတာတွေများပါတယ်။ သမိုင်းရူထောင့်၊ ဥပဒေရူထောင့်၊ နိုင်ငံရေးရူထောင့်၊ အမျိုးသားအရး ရူထေင့်၊ ဘာတခုမှ မကြည့်ဘဲ ဝေဘန်ကဲရဲ့နေကြတာ တွေ့ရပါတယ်။ အဲဒီလို ကောင်းကောင်းနားမလည်ကြတဲ နိုင်ငံခြားသား တွေဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအနေနဲ့ မိမိတို့ရဲ တိုင်းရင်းသားတွေကို ကဲရဲ့ ဝေဖန်ပြီး၊ ဘင်္ဂလီတွေကို ကာကွယ် ထောက်ခံ တာကို မျှော်လင့်နေကြပါတယ်။ အဲဒါကတော ဆင့်ဟာ ကို ခွေးမျှာ်လို ဖြစ်နေတောမယ် ဆိုတာ သူတို့ သဘော မပေါက်ရှာကြပါ။ ဒါပေမဲ ဒါဟာ ဒုက္ခယောက်သူကို မသနားလို့မဟုတ်ပါ၊ ဒုက္ခရောက်သူတိုင်းကိုသနားပါတယ်။ ဂဒါဖီလို၊ ဆဒန်ဟူစိန်လို၊ သန်ရွှေလို ရက်စက်ယုတ်မာသူများကိုတောင်သနားပါတယ်။ ဗုဒ္ဓဘုရား ဟာ ဒေဝဒတ်လို ပုဂ္ဂိုလ် ကိုတောင်သနားတတ်တယ် ဆိုတဲ၊ ဗုဒ္ဓဘာသာတွေရဲ့ စိတ်ကို သူတို့သဘောမပေါက်ကြရှာပေ။ ဒေဝဒတ် ဒုက္ခရောက်တာ၊ သူငရဲကြတာ မြတ်စွာဘုရားက မသနားလို့မဟုတ်ဘူးဆိုတာကိုလဲ သူတို့တွေ သဘောပေါက်နိုင်ကြလိမ့်မည် မထင်ပေ။ ရှိစေတော ရှိစေတော၊ ကိုယ်လုပ်စယာရှိတာကိုသာ စိတ်ရှည်ရှည်ထားပြီ လုပ်ကြပါစို့။ link




No comments:

Post a Comment