Wednesday, July 4, 2012

အမျိုးမာန်တက် အပြောရခက်သူ အကြောင်း


ဘုရားရှင်လက်ထက်က တိဿဆိုတဲ ရဟန်းတပါး ရှိခဲ့ဘူးပါတယ်။ အဲဒီ တိဿဆိုတဲ့ ရဟန်းဟာ မြတ်စွာဘုရား နဲ့အမျိုးတော်တယ်။ (သုဒ္ဓေါဒနမင်းကြီးရဲ့ နှမတော် အမိတာဒေဝီ မိဘုရားရဲ့ သား) ဖြစ်ပါတယ်။ အရွယ်ရောက်ပြီမှ၊ အရွယ်ကြီးမှ ရဟန်းဘဝ ရောက်ပါတယ်။ (တနည်း တောထွက်ရဟန်း)
ပြီးတော့ သူရဟန်းဘဝ ရောက်လာတာပုံကလဲ (သဒ္ဓါပဗ္ဗဇိတ) ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ၊ သာသနာ ကိုကြည်ညိုလို့ ရဟန်းပြုသူမဟုတ်ဘဲ၊ (အသပြာပဗ္ဗဇိတ) လာဘ်လာဘ ကိုမျှော်ကိုးလို့ရဟန်းပြုသူဖြစ်ပါတယ်။ မြတ်စွာဘုရားနှင့် ဝမ်းကွဲညီအကိုတော်ပေမဲ့ သူဟာ မြတ်စွာဘုရားကို နားမလည်၊ နားလည်အောင်လည်းမကြိုးစား။
       
  သူဟာ မြတ်စွာဘုရားကို မြတ်စွာဘုရားအဖြစ် နားမလည်ပဲ၊ သူဦးနောက်တိမ်တိမ်နဲ့ မြတ်စွာဘုရားကို သာကီဝင်မင်းသား တဦးအနေလောက်ပဲနားလည်ပါတယ်၊ မြတ်စွာဘုရားကို သဒ္ဓတ္ထမင်းသားတစ်ဦးလို သူနားလည်ထားတယ်။ ဘုရားမဖြစ်ခင် သဒ္ဓတ္ထ နှင့် ဘုရာဖြစ်ပြီး သဒ္ဓတ္ထ ဟာ ပုဂ္ဂိုလ်တစ်ဦးတည်း ဆိုပေမဲ အခြေနေနှင့် အချိန်အခါ တွေရဲ့ မတူညီချက်ကို တိဿ ဆိုတဲ့ ရဟန်း သပေါမ ပေါက်ရှာပါ။
         သူသပေါ ပေါက်တာက သာကီဝင်မင်းသား ဖြစ်တဲ့ မြတ်စွာဘုရား ဟာ လာဘ်လာဘပေါတယ်၊ ကြည်ညိုလေးစာသူပေါတယ်။ ဒါကြောင့် မြတ်စွာဘုရားနှင့် အမျိုးတော်တဲငါ၊ သာကီဝင်မင်းသားဖြစ်တဲငါလဲ သင်္ကန်းဝတ် ရဟန်းပြုရင်တော၊ မြတ်စွာဘုရားရဲ အရှိန် နှင့် ငါလဲ လာဘ်လာဘတွေနှင့် ကြည်ညိုလေးစားတဲလူတွေပေါမှာပဲဆိုတဲ့ရည်ရွယ်ချက်နှင့် အသက်ကြီးမှ ရဟန်းဘောင်ဝင် သင်္ကန်းဝတ်လိုက်ပါတယ်။ (ကောင်းလိုက်တဲ့ရည်ရွယ်ချက်၊ ကြံ့ဖွတ်ဝင်တဲ့ရည်ရွယ်ချက်လိုလို ဘာလိုလို)

     သင်္ကန်းဝတ်ပြီး ရဟန်း ဖြစ်တာနဲ ချက်ချင်း ဆိုသလိုပဲ တိဿ ဆိုတဲ ရဟန်း ဟာ၊ သူ့ရည်ရွယ်ချက်ဖြစ်မြောက်ရေး၊ အကောင်အထည်ပေါ်ပေါက်ရေး စ တောတာပါပဲ၊ ဒါကြောင့် တိဿ ရဟန်း ဟာ ဇေတဝန်ကျောင်းတိုက်ကြီးရဲ အလည်ဗဟိုမှာရှိတဲ ဧည့်သည် အလာများတဲ ဧည့်ခံ ဇရပ်ကြီးပေါ်မှာ ဆရာတော်ကြီးဂိုက်နဲ မိန့်မိန့်ကြီးထိုင်ပြီး သီတင်းသုံးနေပါတောတယ်။ အဲဒီမှာ ရပ်ဝေး ရပ်နီးက လာသမျှ ဧည့်သည်၊ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ လာသမျှ ဧည့်သည် များဟာ  ဧည့်ခံဇရပ်ကြီး  ဝင်ကြပါတယ်၊ ဝင်တာနဲချက်ချင်း ဆရာတော်ကြီးဂိုက်နဲ မိန့်မိန့်ကြီးထိုင်နေတဲ တိဿ ဆိုတဲရဟန်းကို တွေ့ မြင်ကြရတာပဲ၊ မြင်တာနဲ ဧည့်သည် အာဂန္တုရဟန်းမျာကလဲ တဿရဟန်းကို ဆရာတော်ကြီး ထေရ်ကြီး ဝါကြီး သက်တော်ကြီးရင့်တဲ ဆရာတော်ကြီးပဲထင်ပြီး     အရိုအသေ ပြုကြ၊ ဝတ်ကြီးဝတ်ငယ်ပြုကြ၊ ခြေဆုပ်လက်နယ် လုပ်ပေးကြပါတောတယ်။ အဲဒါကို ဘာမှမပြောဘဲ စိတ်ထဲမှာ ကျိတ်ပြီး ဝမ်းသာနေပါတောတယ်။

        အဲဒီအချိန်မှာ ရဟန်းငယ် တပါး က၊ အရှင်ဘုရား ဝါတော်ဘယ်လောက်ရှိပြီလဲဘုရားလို့မေးလိုက်တော၊ တဿ ဆိုတဲ ရဟန်းက  ငါတို့က အသက်ကြီးမှ ရဟန်းဘဝရောက်တာပါကွာ၊ တစ်ဝါမှ မရသေးပါဘူဆိုပြီး ပြန်ပြောသတဲ။

        အဲဒီတော ရဟန်းငယ် က အရှင်ဘုရား၊ အရှင်ဘုရားက ဝိနည်းသိက္ခာပုဒ် ကိုမလေးစား တဲပုဂ္ဂိုလ်ဲ၊ယဉ်ကျေးမူ မရှိတဲ ပုဂ္ဂိုလ်ပဲ ကိုယ့်ရဲ အတိုင်းအတာကို မသိတဲ ပုဂ္ဂိုလ်ပဲ၊ အရှင်ဘုရားက ကြွလာတဲ ထေရ်ကြီး ဝါကြီး ကိုယ့်ထက်ကြီးကြတဲ ရဟန်းတွေကြွလာတာမြင်လျှက်နဲ့ ရိုသေလေးစားတဲ အမူအရာလဲ မပြဘူး၊ သူများက လာပြီး ဝတ်ကြီးဝတ်ငယ် အရိုအသေ လာပြုလျှင်လဲ အရှင်ဘုရားက တဝါမှ မရသေးတဲ့အကြောင်းကိုလဲ ပွင့်ပွင့်လင်းလင်းဘာမှ မပြောဘဲ မထေရ်ကြီးယောင်ဆောင်ပြီး တိတ်တိတ် ဆိတ်ဆိတ်ကလေး ကျိတ်ပြီး အရှင်ဘုရားက ဝမ်းသာနေသေးတယ်၊ အရှင်ဘုရားလိုပုဂ္ဂိုလ် ဒီသာသ တော်မှာ ရှိတာ အံ့ဩပါရဲ့၊ (ရဟန်းတောထွက်အပြာခက် ဆိုတာ အရှင်လို ပုဂ္ဂိုလ်တွေကိုပြောတာဖြစ်မယ်” )လို့လဲပြောလိုက်တော့

        တိဿဆိုတဲ့၊ အသက်ကြီးမှ ဝတ်လာတဲ ရဟန်းဟာ မင်းမျိုး၊ဘုရင်မျိုး၊ ခတ္တိယမျိုးနွယ် ဖြစ်တဲအတွက် ရဟန်းငယ်စကားကိုကြားလိုက်တာနဲချက်ချင်း ခတ္တိယမာန်ကို နိုးဆွလိုက်သလို ဖြစ်သွားပါတဲအတွက်၊ တိဿဆိုတဲရဟန်း၏ ရင်ထဲ ဒေါသမီးဟုန်းဟုန်းထပြီး  နင်တို့ဘယ်သူ့ဆီလာကြတာလဲ၊လို့မေးလိုက်တော့ တပည့်တော်တို့ မြတ်စွာဘုရားဆီလာတာဘုရားပြောတော၊ နင်တို့ ငါ့ကို ဘယ်လိုပုဂ္ဂိုလ်ထင်ကြလို့လဲ၊ နင်တို့လို အနိမ့်စားပုဂ္ဂိုလ်က ငါလို အမြတ်စားပုဂ္ဂိုလ် ကို မထီလေးစားပြောကောင်းလားဆိုပြီးဒေါသဟုန်းဟုန်းထသွားပါတောတယ်။

        တိဿမထေရ်ရဲ့စိတ်ထဲမှာ မြတ်စွာဘုရားလဲခတ္တိယ၊ ငါလဲခတ္တိယ၊မြတ်စွာဘုရားလဲသာကီဝင်မင်းမျိုး၊ ငါလဲသာကီဝင်မင်းမျိုး၊ မြတ်စွာဘုရားကို ကြည်ညိုနိုင်လျှင် ငါ့ကိုလဲ ကြည်ညိုနိုင်ရမယ်၊ မြတ်စွာဘုရားကိုရှိခိုးနိုင်လျှင် ငါ့ကိုလဲ ရှိခိုးနိုင်ရမယ် ဆိုတဲစိတ်သူ့ရင်ထဲမှာကိန်းအောင်းနေပါတယ်။ ဒါကြောင့် နင်တို့ကိုကြူပင်ခုတ်ကြူငုတ်မကြံ အမြစ်ကရှင်းပြစ်မယ်ဆိုတဲ စိတ်နဲ၊ မြတ်စွာဘုရားဆီကိုသွားတိုင်ကြားပါတောတယ်။ မျက်ရည်ထွက်လောက်အောင် ဆတ်ဆတ်ခါ နာကြည်းသွားတာပေါ။

        အဲဒီအခါမှာ မြတ်စွာဘုရားက-

 *“တိဿ၊ ဘာကိစ္စ လျှောက်ထားဖို့ ရှိသလဲ။

                        မှန်လှပါ၊ အာဂန္တု ရဟန်းတွေက တပည့်တော်ကို ဆဲကြပါတယ်ဘုရား။

                        *“သင်က ဘယ်နေရာမှာ ရှိနေခဲ့သလဲ၊

                        မှန်လှပါ၊ တပည့်တော်က ဇေတဝန်ကျောင်းတိုက်ကြီးရဲ့ အလယ်ဗဟိုမှာ ရှိတဲ့

                        ဧည့်ခံဇရပ်ကြီးပေါ်မှာ နေပါတယ်ဘုရား။

                        *“အဲဒီတော၊ အာဂန္တု ရဟန်းတွေလာ တာကို မြင်ပါသလား၊

                           မှန်လှပါ၊ မြင်ပါတယ်ဘုရား၊

*“ခရီးဦး ကြိုဆိုခြင်း ဆိုတဲ့ အလုပ်ကိုယော လုပ်သလား၊

 “မလုပ်မိပါဘုရား၊

*“ပရိက္ခရာများကို လှမ်းယူတာတို့ဘာတို့ လုပ်သလား၊

 “မလုပ်ပါဘုရား၊

*“ကြွလာတဲ အာဂန္တု မထေကြီးတွေအတွက်၊ သောက်ရေ ကပ်တာတို့၊ အိပ်ရာ၊နေရာ ခင်းပေးတာတို့ စတဲ့ အလုပ်တွေကိုရော လုပ်သလား။

 မလုပ်ပါဘုရား။

*တိဿ၊ဒါဆို သင့်မှာသာ အပြစ်ရှိတယ်၊ ကြွလာကြတဲ့ ဧည့်သည် အာဂန္တု တွေအတွက် ဧည့်ဝတ်ကျေပွန်အောင်ပြုလုပ်ရမည့်တာဝန်သင့်မှာ ရှိပါတယ်၊ အဲဒီလိုမှ မလုပ်နိုင်လျှင်၊ မလုပ်ချင်လျှင် ဧည့်သည်တွေ ဝင်ထွက်သွားလာတဲ့ ဧည့်ခံဇရပ်မှာ မနေသင့်ဘူး၊ ဧည့်ခံဇရပ်မှာ နေလျှင် ဧည့်သည် အာဂန္တုက ရဟန်းများအပေါ်မှာ ဝိနည်းဒေသနာတော်အရ ဧည့်ဝတ်ကျေပွန်ရမယ်၊ ဧည့်ဝတ်ကျေပြုခြင်းဟာ အိမ်ရှင်တို့ရဲ တာဝန် ဝတ္တရား ဖြစ်တယ်၊ ဒါကြောင့် ဧည့်သည် အာဂန္တု ရဟန်းတွေကို ကျေနပ်အောင် သင်တောင်းပါလိုက်ပါလို့ မြတ်စွာဘုရားက မိန့်ကြားလိုက်ပါတယ်။

    မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်ကိုကြားရတဲအခါ တိဿရဟန်း ဟာ အင်မတန် တုန်လုပ်သွားပါတောတယ်။ ဘာလို့လဲဆိုတော တိဿရဟန်းရဲ့ ရင်ထဲ စိတ်ထဲမှာ၊ သူဟာ မြတ်စွာဘုရားနှင့် အမျိုးတော်တယ်၊လူမျိုးချင်းတူတယ်၊ ဒါကြောင့် လူမျိုးချင်းတူတဲ့ မြတ်စွာဘုရားက သူ့ကို ဖေးဖေး မမနှင့် မျက်နှာသာပေးလိမ့်မယ်လို့၊ အကာအကွယ်ပေးလိမ်မယ်ဆိုတဲ့စိတ်နှင့်မျှော်လင့်ခဲတယ၊ဒါပေမယ့်မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်နှင့် တိဿရဟန်းရဲ့မျှော်လင့်ချက်ဟာ  ပြဒါးတလမ်းသံတလမ်းဖြစ်သွားခဲ့ပါတယ်၊မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်သွားခဲပါတောတယ်

 မြတ်စွာဘုရားက တိဿမထေရ် အား အာဂန္တု ရဟန်းတွေကို ကြေနပ်အောင် တေင်းပန် ပါလို့ မိိန့်တဲ့အခါ၊ တိဿရဟန်းက ငြင်းတယ် တပည့်တော်မှာ အပြစ်မရှိဘူးဘုရား ဒါကြောင့် တပည့်တော်အနေနဲ့ တောင်းပန် စရာ အကြောင်းမရှိဘူးဘုရား မတောင်းပန်နိုင်ဘူးဘုရား၊ အဲဒီ အာဂန္တု ရဟန်းတွေကသာ တပည့်တော်ကိုဆဲတယ်ဘုရား၊ ဒါကြောင့် သူတို့သာလျှင် အပြစ်ရှိတယ်ဘုရား လို့ မျက်စိဇုံမိတ်ပြီး ငြင်းပါတောတယ်။

   အဲဒီတော အာဂန္တုကရဟန်း တွေကပဲ “ဘုန်တော်ကြီးတော်မူသောမြတ်စွာဘုရား၊ ဒီ တိဿဆိုတဲ ရဟန်းဟာ အလွန် ဆိုဆုံးမရခက်တဲ ပုဂ္ဂိုလ်၊ အလွန်ကို ခေါင်းမာတဲပုဂ္ဂိုလ် ပါဘုရား” လို့ လျှောက်ထားတော၊ မြတ်စွာဘုရားက “ချစ်သားတို့ ယခုဘဝ မှာသာ ခေါင်းမာတာ၊ ဆိုဆုံးမရခက်တာ မဟုတ်ဘူး၊ ဟိုအတိတ်ကာလ ဒေဝီလ  ရသေ့ဘဝနှင့်တုံးကလဲ ပြောရခက် ဆိုရခက်နှင့် ခေါင်းမာတဲ ပုဂ္ဂိုလ်ဖြစ်ခဲဘူးတယ်“ လို့မိန့်တော်မူပြီး တိဿရဟန်ရဲ့ အတိတ်ကာလဘဝက ဒေဝီလ ရသေ့ ကြောင်းကိုဟောကြားတော်မူခဲ့ပါတယ်။ (ဆက်ရန်)

No comments:

Post a Comment