Wednesday, July 25, 2012

ဒကာမ လေး ဝေနှင်း နှင့် အမြင် ဖလှယ်ခြင်း


ဒကာမ လေး ဝေနှင်း
နှင့်
အမြင် ဖလှယ်ခြင်း

  
ဒကာမလေး ဝေနှင်း ဦးဇင်းက ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်ပါတယ်။ ဒကာမလေး ဝေနှင်းကို ဦးဇင်း ပထမဆုံး သတိထားသိလိုက်ရတာက အင်္ဂလန်၊ မန်ချက်စတာက လေဘာပါတီကွန်ဖရင့်မှာ ထင်ပါရဲ့။ ဒကာမ လေး မိန့်ခွန်းပြောတုန်းက စပြီးသတိထားမိတာပါပဲ။ အဲဒီ ဗွီဒီယိုကို ကြည့်ပြီး ဦးဇင်းအတော်လေး အားတက်ခဲ့ မိပါတယ်။ အင်မတန်မှ ဂုဏ်လည်းယူခဲ့မိပါတယ်။ နောက် အဲဒီဗွီဒီယိုကို ကြည့်ပြီးတော့၊ ဦးဇင်းမျက်နှာပေါ်မှာ မျက်ရည်တစ်စက်မှ မကျခဲ့ပေမယ့်၊ ရင်ထဲမှာ မျက်ရည်အပြည့်နှင့် ဘုန်းကြီးတန်မဲ့ ဝမ်းနည်းပြီး ငိုခဲ့ဘူးပါတယ်။ ကြိတ်ပြီးတော့လည်း ဝမ်းသာမိခဲ့ပါတယ်။
ဝမ်းနည်းရတဲ့အကြောင်းက ပြည်သူတွေလေးစားတဲ့ ကိုမြအေး၊ ပြည်သူတွေအတွက် အကျဉ်းကျနေတဲ့ ကိုမြအေး၊ ဒကာမလေး ချစ်တဲ့ လေးစားတဲ့ ဒကာမလေးရဲ့ ဖခင်နဲ့ ကွေကွဲပြီး ခွဲခွာနေရတာ သိလိုက်ရလို့ ဝမ်းနည်းတာပါ။ ဝမ်းသာမိတာက ဒကာမလေးက အားမန်အပြည့်နဲ့၊ ခံစားမှုအပြည့်နဲ့၊ ကြားရတဲ့သူတွေ ကြက်သီးမွှေးညှင်းထလောက်အောင် ပြောသွားတာကို မြင်လိုက်ရလို့ ဂုဏ်ယူဝမ်းသာမိခဲ့တာပါ။ ဒကာမလေး ဟာ ဒို့ဗမာပြည်က ဒို့လူမျိုး၊ ဒို့အားကိုးရတော့မယ်ဆိုပြီး ဝမ်းသာခဲ့တာပါ။ မူစလင်မို့လို့၊ ဟိဒ္ဒူမို့လို့၊ ခရစ်ယာန်မို့လို့၊ ဗုဒ္ဓဘာသာမို့လို့ ဆိုတာ ဦးဇင်းတို့ရင်ထဲမှာ မရှိခဲ့တာအမှန်ပါ။ ဒကာမလေး ဘယ်ဘာသာကို ကိုးကွယ် ကိုးကွယ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ယုံကြည်ရမယ်၊ အားကိုးရမယ်ဆိုရင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတိုင်း၊ လူမျိုးအားလုံးက လေးစားကြမှာ၊ ကြည်ညိုကြမှာ၊ ချစ်ခင်ကြမှာ၊ အားကိုးကြမှာ မြေကြီးလက်ခတ်မလွဲပါ ဒကာမလေး။
ဒီနေရာမှာ ကိုကိုကြီးရဲ့ စကားကို အငှားယူပြီးပြောရရင် "အမျိုးသားရေးဟာ 'ဆား' လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်ပါတယ်။"  ဒကာမလေး ဆားခတ်ဖို့ မေ့နဲ့နော်။

Saturday, July 21, 2012

Taliban condemn Burmese Muslims’ massacre

Strongly condemning the ongoing massacre of Muslims in Burma (Myanmar), Afghan Taliban on Friday called upon the world to immediately take steps to stop the killings.
       Taliban Spokesman Zabihullah Mujahid also urged the Burmese government to immediately stop the grave violation of human rights. Read more

Friday, July 20, 2012

Malaysian PM warns against liberalism, pluralism

Malaysian Prime Minister Najib Razak said he supported human rights but "within the boundaries set by Islam",Read more!

Thursday, July 19, 2012

WHO KILLED AUNG SAN?

Who really killed Bogyoke Aung San was the British government. It was their plot.
 I suppose there were three reasons why he was killed. Firstly, Bogyoke Aung San was the leader who could organise and unite the whole country so they were afraid of the whole of Burma uniting. This was the main reason. Secondly, Bogyoke Aung San could reunite with the Communist Party of Burma. They were worried about that too. And finally, they supposed that they could handle Burma more easily if they removed him. These were the reasons why he was killed. Read more

Tuesday, July 17, 2012

Nationalism is like salt!

  အမျိုးသားရေးဟာ “ဆား” လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်ပါတယ်။ ကျနော်တို့က အမျိုးသားရေးကို ချိန်ချိန်ဆဆနဲ့ ကျနော်တို့ နိုင်ငံရဲ့ အကျိုးစီးပွား၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး၊ နိုင်ငံတကာ မိသားစုနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ဆိုတာတွေကို တပြိုင်နက်တည်းမှာ တည်ဆောက်ကြရမှာပါ။ link


Sunday, July 15, 2012

  တတ်နိုင်သလောက်ကူညီပါရစေ၊ ဗမာ နိုင်ငံ နှင် ဗမာလူမျိုးတွေ ရဲ့ အကြောင်းကို ဂဃနဏ မသိကြတဲ့ နိုင်ငံကြားသားတွေက ဘင်္ဂလီ အရေးနှင့် ပတ်သက်ပြီး၊ ဗမာတွေနဲ ဗမာ ဘုန်းတော်ကြီးတွေဟာ ရက်စက်တယ်၊ လူမျိုးရေးခွဲခြားတယ်လို့ တဖက်သတ် မြင်နေကြပါတယ်။ သူတို့ဟာ ၆၀(သို့) ၇၀ ရာခိုင်နုံးပြည့်တောင်မရှိလှတဲ လူမူရေးရူထောင့်တခုထဲ က ပြောဆို ကဲရဲ့နေကြတာတွေများပါတယ်။ သမိုင်းရူထောင့်၊ ဥပဒေရူထောင့်၊ နိုင်ငံရေးရူထောင့်၊ အမျိုးသားအရး ရူထေင့်၊ ဘာတခုမှ မကြည့်ဘဲ ဝေဘန်ကဲရဲ့နေကြတာ တွေ့ရပါတယ်။ အဲဒီလို ကောင်းကောင်းနားမလည်ကြတဲ နိုင်ငံခြားသား တွေဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအနေနဲ့ မိမိတို့ရဲ တိုင်းရင်းသားတွေကို ကဲရဲ့ ဝေဖန်ပြီး၊ ဘင်္ဂလီတွေကို ကာကွယ် ထောက်ခံ တာကို မျှော်လင့်နေကြပါတယ်။ အဲဒါကတော ဆင့်ဟာ ကို ခွေးမျှာ်လို ဖြစ်နေတောမယ် ဆိုတာ သူတို့ သဘော မပေါက်ရှာကြပါ။ ဒါပေမဲ ဒါဟာ ဒုက္ခယောက်သူကို မသနားလို့မဟုတ်ပါ၊ ဒုက္ခရောက်သူတိုင်းကိုသနားပါတယ်။ ဂဒါဖီလို၊ ဆဒန်ဟူစိန်လို၊ သန်ရွှေလို ရက်စက်ယုတ်မာသူများကိုတောင်သနားပါတယ်။ ဗုဒ္ဓဘုရား ဟာ ဒေဝဒတ်လို ပုဂ္ဂိုလ် ကိုတောင်သနားတတ်တယ် ဆိုတဲ၊ ဗုဒ္ဓဘာသာတွေရဲ့ စိတ်ကို သူတို့သဘောမပေါက်ကြရှာပေ။ ဒေဝဒတ် ဒုက္ခရောက်တာ၊ သူငရဲကြတာ မြတ်စွာဘုရားက မသနားလို့မဟုတ်ဘူးဆိုတာကိုလဲ သူတို့တွေ သဘောပေါက်နိုင်ကြလိမ့်မည် မထင်ပေ။ ရှိစေတော ရှိစေတော၊ ကိုယ်လုပ်စယာရှိတာကိုသာ စိတ်ရှည်ရှည်ထားပြီ လုပ်ကြပါစို့။ link




Friday, July 6, 2012

Judge





Dear sisters and brothers and seekers after truths,
Not to see pleasant is painful and painful is the sight of the unpleasant.
We live in a world that thrives on conflict. Conflict is being rooted in envy and avarice. Where there is conflict, there are people who are sufferings. And when good people/ good-hearted people have heard about these, they try to show their compassion. Compassion covers the emotional or feeling side of our nature. And we try to preach what we feel is true, even without proper understanding. Sometime even we try to force everyone else to accept it. The more we try to make conditions conform to our ideas, the more frustrated we get. 

Wednesday, July 4, 2012

အမျိုးမာန်တက် အပြောရခက်သူ အကြောင်း


ဘုရားရှင်လက်ထက်က တိဿဆိုတဲ ရဟန်းတပါး ရှိခဲ့ဘူးပါတယ်။ အဲဒီ တိဿဆိုတဲ့ ရဟန်းဟာ မြတ်စွာဘုရား နဲ့အမျိုးတော်တယ်။ (သုဒ္ဓေါဒနမင်းကြီးရဲ့ နှမတော် အမိတာဒေဝီ မိဘုရားရဲ့ သား) ဖြစ်ပါတယ်။ အရွယ်ရောက်ပြီမှ၊ အရွယ်ကြီးမှ ရဟန်းဘဝ ရောက်ပါတယ်။ (တနည်း တောထွက်ရဟန်း)
ပြီးတော့ သူရဟန်းဘဝ ရောက်လာတာပုံကလဲ (သဒ္ဓါပဗ္ဗဇိတ) ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ၊ သာသနာ ကိုကြည်ညိုလို့ ရဟန်းပြုသူမဟုတ်ဘဲ၊ (အသပြာပဗ္ဗဇိတ) လာဘ်လာဘ ကိုမျှော်ကိုးလို့ရဟန်းပြုသူဖြစ်ပါတယ်။ မြတ်စွာဘုရားနှင့် ဝမ်းကွဲညီအကိုတော်ပေမဲ့ သူဟာ မြတ်စွာဘုရားကို နားမလည်၊ နားလည်အောင်လည်းမကြိုးစား။