ဒကာမ လေး ဝေနှင်း
နှင့်
အမြင် ဖလှယ်ခြင်း
ဒကာမလေး
ဝေနှင်း ဦးဇင်းက ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်ပါတယ်။ ဒကာမလေး ဝေနှင်းကို ဦးဇင်း ပထမဆုံး သတိထားသိလိုက်ရတာက အင်္ဂလန်၊ မန်ချက်စတာက လေဘာပါတီကွန်ဖရင့်မှာ ထင်ပါရဲ့။ ဒကာမ လေး မိန့်ခွန်းပြောတုန်းက စပြီးသတိထားမိတာပါပဲ။ အဲဒီ ဗွီဒီယိုကို ကြည့်ပြီး ဦးဇင်းအတော်လေး အားတက်ခဲ့ မိပါတယ်။ အင်မတန်မှ ဂုဏ်လည်းယူခဲ့မိပါတယ်။ နောက် အဲဒီဗွီဒီယိုကို ကြည့်ပြီးတော့၊ ဦးဇင်းမျက်နှာပေါ်မှာ မျက်ရည်တစ်စက်မှ မကျခဲ့ပေမယ့်၊ ရင်ထဲမှာ မျက်ရည်အပြည့်နှင့် ဘုန်းကြီးတန်မဲ့ ဝမ်းနည်းပြီး ငိုခဲ့ဘူးပါတယ်။ ကြိတ်ပြီးတော့လည်း ဝမ်းသာမိခဲ့ပါတယ်။
ဝမ်းနည်းရတဲ့အကြောင်းက ပြည်သူတွေလေးစားတဲ့ ကိုမြအေး၊ ပြည်သူတွေအတွက် အကျဉ်းကျနေတဲ့ ကိုမြအေး၊ ဒကာမလေး ချစ်တဲ့ လေးစားတဲ့ ဒကာမလေးရဲ့ ဖခင်နဲ့ ကွေကွဲပြီး ခွဲခွာနေရတာ သိလိုက်ရလို့ ဝမ်းနည်းတာပါ။ ဝမ်းသာမိတာက ဒကာမလေးက အားမာန်အပြည့်နဲ့၊ ခံစားမှုအပြည့်နဲ့၊ ကြားရတဲ့သူတွေ ကြက်သီးမွှေးညှင်းထလောက်အောင် ပြောသွားတာကို မြင်လိုက်ရလို့ ဂုဏ်ယူဝမ်းသာမိခဲ့တာပါ။ ဒကာမလေး ဟာ ဒို့ဗမာပြည်က ဒို့လူမျိုး၊ ဒို့အားကိုးရတော့မယ်ဆိုပြီး ဝမ်းသာခဲ့တာပါ။ မူစလင်မို့လို့၊ ဟိဒ္ဒူမို့လို့၊ ခရစ်ယာန်မို့လို့၊ ဗုဒ္ဓဘာသာမို့လို့ ဆိုတာ ဦးဇင်းတို့ရင်ထဲမှာ မရှိခဲ့တာအမှန်ပါ။ ဒကာမလေး ဘယ်ဘာသာကို ကိုးကွယ် ကိုးကွယ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ယုံကြည်ရမယ်၊ အားကိုးရမယ်ဆိုရင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတိုင်း၊ လူမျိုးအားလုံးက လေးစားကြမှာ၊ ကြည်ညိုကြမှာ၊ ချစ်ခင်ကြမှာ၊ အားကိုးကြမှာ မြေကြီးလက်ခတ်မလွဲပါ ဒကာမလေး။
ဒီနေရာမှာ
ကိုကိုကြီးရဲ့
စကားကို အငှားယူပြီးပြောရရင် "အမျိုးသားရေးဟာ 'ဆား' လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်ပါတယ်။" ဒကာမလေး
ဆားခတ်ဖို့
မေ့နဲ့နော်။